YHT Pokémon TCG League
Organized by Pokémon TCG Hub Myanmar
Standard format
Pokémon TCG Live
                                      🥰 Pokémon TCG Player တွေအတွက် YHT Pokémon TCG League လေးလာပါပြီခင်ဗျ။

🤩 Local မှာ Pokémon TCG Player အင်အားနည်းနေတာကို တိုးပွါး‌စေလိုတဲ့ ရည်ရွယ်ချက်နဲ့ Yankin Hobby Tavern - YHT ကနေမှ Pokémon TCG League စတင်ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ ရိုးရိုး TCG Tournament နဲ့ ကွာခြားချက်ကတော့ အမှတ်ပေးဇယားနဲ့ သွားမှာ ဖြစ်ပြီး ပွဲပုံမှန်လာဆော့တဲ့သူတွေက အမှတ်ပိုစုမိမှာတော့ ကျိန်းသေပါတယ်။ ၁လကို ၂ပွဲနှုန်းနဲ့ ဆော့ကစားသွားရမှာဖြစ်ပြီး ရရှိတဲ့ Ranking ပေါ်မူတည်ပြီး အမှတ်တွေ ရရှိသွားမှာ ဖြစ်ပါတယ်။

                                                                                   🏆 Point System 🏆

🥇 Winner - 7 Point 🥈 1st Runner Up - 5 Point 🥉 2nd Runner Up - 3 Point 🏅 Participants - 1 point

..................................................................................................................................................................................................................................................

💵 Entry ကတော့ တပွဲကို ၆,၀၀၀ စီကျသင့်မှာ ဖြစ်ပြီး ရရှိတဲ့ Entry စုစုပေါင်းကို အဲ့ပွဲရဲ့ Prizepool အနေနဲ့ ထပ်မံထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

🏆 Winner - 50% of Prizepool + 1 Booster Pack 🥇 1st Runner Up - 30% of Prizepool ✨ Lucky Draw Booster Packs for Participants.

..................................................................................................................................................................................................................................................

ပထမဆုံး Pokémon TCG League ကိုတော့ June 27, 2026 မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ် ✨

                                                                            🏆 YHT Pokémon TCG League 🏆

🔥 Match 1 of 12 📅 Date : 27.6.2026 (Saturday) ⏱️ Time : 12:30 PM ❤️ Check in : 12:00 PM 💵 Entry Fees: 6,000 MMK

🔥 စုစုပေါင်း 6 လအပြီးမှာတော့ Final Showdown အနေနဲ့ ကျင်းပပေးသွားမှာ ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ Top 8 Players တွေပဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ Rank ကောင်းဖို့ကတော့ ကိုယ့်တာ၀န်ပေါ့နော်။ 🔥

❤️ ဒီ Tournament လေးတွေကို လုပ်ပေးရတဲ့ အဓိကရည်ရွယ်ချက်က Local မှာ Pokémon TCG ပွဲငတ်နေတဲ့ Player အဟောင်းတွေအတွက် Tournament အသစ်တွေ ဖန်တီးပေးချင်တာရော၊ Player အသစ်တွေ တိုးပွါးစေချင်တာကော ပါပါတယ်။ Pokémon က လက်ရှိအချိန်မှာ Official Support မရပေမယ့် ရလာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ Tournament Experience ရအောင် ‌ကြိုတင်ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။ Player အသစ်တွေတိုးပွါးဖို့အတွက်လည်း TCG League နဲ့ အတူ Workshop တွေပါ မကြာမကြာ ပြုလုပ်ပေးသွားအုန်းမှာ ဖြစ်ပါတယ်။ TCG တွေ သင်ယူချင်တယ်၊ ဆော့ကစားကြည့်ချင်တယ်ဆိုရင်လည်း YHT မှာ အချိန်‌မရွေး လာရောက် လေ့ကျင်သင်ယူ‌ဆော့ကစားနိုင်ဖို့ အတွေ့အကြုံရှိ Trainer တွေက အဆင်သင့်စောင့်ကြိုနေပါတယ်ခင်ဗျ။ ❤️

🥰 YHT ကနေမှ Local TCG Community ပိုမိုကောင်းမွန်လာဖို့အတွက် ကြိုးစားနေကြတာဆိုတော့ လိုအပ်ချက်လေးတွေ ရှိရင်လည်း ထောက်ပြပေးသွားကြပါခင်ဗျ။ သိချင်တာရှိလည်း Page Messenger မှာ စုံစမ်းနိုင်ပါတယ်။ Tournament နေ့ကျရင် ပြန်တွေ့ကြပါမယ်နော်။ အားလုံးကို ချစ်ပါတယ်ခင်ဗျ 😘

..................................................................................................................................................................................................................................................

📌 ဆိုင်လိပ်စာလေးကတော့ မြန်မာပလာဇာအနီး 🏘️တိုက်(၄/၄)၊ အခန်း (၂၁)၊ ရွှေအုန်းပင်အိမ်ရာ(၄)၊ ကျောင်းလမ်း (ရန်ရှင်းလမ်းမှ၀င်ရန်)၊ ရန်ကင်းမြို့နယ်။ မှာပဲ ဖြစ်ပါတယ်၊၊

09 420705200 / 09 799901706

🏠 Open Hour : 👉 11:00 AM to 7:00 PM (Tuesday to Friday) 👉 10:00 AM to 7:00 PM (Weekend) 🥺 Closed on Every Monday.

#YHT #YankinHobbyTavern #TCG #pokemontcg #pokemon

Tournament Structure

Swiss
4 Swiss Rounds - BO1
30 minutes per round
no round check-in
4 players advance to the next phase
Top Cut
1 Single Elimination Round - BO1
30 minutes per round
no round check-in
2 players advance to the next phase
Final
1 Single Elimination Round - BO3
50 minutes per round
no round check-in
Wins are worth 1 match point, ties 0