Pokémon Monthly Tournament Myanmar ( July )
This website is supported by ads.
Organized by Pokémon TCG Hub Myanmar
Standard format
Pokémon TCG Live

🥰 Hello Pokémon Trainer 🥰

❤️ အားလုံးပဲ မင်္ဂလာပါဗျ ❤️

⭐ Grand Final Tournament ကို ၀င်ပြိုင်နိုင်ဖို့အတွက် လစဉ်လတိုင်း Point စုနိုင်မယ့် Monthly Point League ရဲ့ 5မြောက်လ နဲ့ Season နောက်ဆုံးလ ဖြစ်တဲ့ July လ အတွက်ကို‌တော့ July လ 28 ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ် ⭐

🤩 ဒီလကို အရင်လတွေနဲ့ မတူတာက Offline ပွဲ မဟုတ်ပဲ Online Tournament ဖြစ်သွားတာပါ။ Local မှာ ကိုယ်ပိုင် Physical Deck ရှားနေသေးတဲ့အပြင် Grand Final အတွက် Player တွေပိုမိုအပြိုင်အဆိုင်ဖြစ်လာစေရန် အမှတ်ပိုများလာစေရန် ရည်ရွယ်ချက်နဲ့ နောက်ဆုံးလကို Online Tournament ကျင်းပပေးမှာပါ။ Online Tournament ဆိုတော့ ကိုယ့်စိတ်ကြိုက် Deck ကို Build ပြီးဆော့နိုင်ပါတယ် 🤩

💖 Pokémon TCG Account ဖွင့်နည်းလေးက ဒီမှာ လေ့လာလို့ရပါတယ် https://m.facebook.com/groups/1740365703069065/permalink/1758122277960074/?mibextid=Nif5oz

Monthly Tournament for July 🗓️ Date - 28.7.2023 (Friday) 🕛 Time - 10:00 pm 🕚 Check in - 9:30 pm 📀 Format - Standard - 4/5 Round Swiss, if 16 or more players, There will be Top Cut 4. 🖥️ Registration - Advance Registration before 28th July 1 pm.

💿 လစဉ် Monthly Point Leagues ရဲ့ အမှတ်နဲ့ ဆုကြေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် Monthly point leagues Entry Fee - 3,000 MMK 🥇 1st - 10 points and a Graded Slab 🥈 2nd - 7 points and a 10,000 MMK Coupon 🥉 3rd - 5 points (and a 5,000 MMK Coupon if total participants are 12 or more players) 🎀 4th to 8th - 2 points (3 points if 12 or more player) 🔥 The rest will get 1 point.

💾 ကစားသမားတိုင်းရဲ့ အမှတ်တိုင်းကို Season Grand Final မရောက်မချင်း မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်

🖥️ အမှတ်ပေးဇယားကိုလည်း Vertex Gaming Myanmar Facebook page မှာ အချိန်မရွေးကြည့်လို့ရပါတယ်

📀 Tournament အကြောင်းအပြည့်အစုံသိချင်ရင် ဒီ Link မှာ ကြည့်လို့ရပါတယ် https://m.facebook.com/story.php?story_fbid=618263820314824&id=100063936334811&mibextid=Nif5oz

🎀 Tournament အတွက် အခြေခံစည်းမျဉ်းလေးတွေလည်း ကြိုကြေငြာပေးထားပါမယ်။ Online Tournament အတွက်ကတော့ မလိုပေမယ့် Grand Final အတွက် ကြို‌တင်ဖတ်ထားကြပါနော်

⭐ စည်းကမ်းတွေကလည်း လက်ရှိ International Tournament တွေမှာ အသုံးပြုတဲ့ ပုံစံအတိုင်းပဲ သတ်မှတ်ထားတာဖြစ်ပါတယ် ဖတ်ကြည့်ပြီး နားမလည်တာရှိရင်လည်း Messenger ကနေလာရောက်စုံစမ်းနိုင်ပါတယ်

💿 1. Cards 👉 ကစားသမားများသည် Standard Format အတွက် တရားဝင်ဖြစ်သည့် ကတ်များသာပါဝင်သော Standard Format Deck ဖြင့်သာ ယှဉ်ပြိုင်ရမည်။ 👉 ကစားသမားများသည် ၎င်းတို့၏ကတ်များကို ခြစ်ရာများ၊ ဆိုးဆေးများ၊ ခေါက်ထားခြင်း၊ ကွေးထားခြင်း စသည်တို့အပါအဝင် မည်သည့်နည်းဖြင့်မျှ အမှတ်အသား မလုပ်ထားရပါ။ Sleeves များကိုလည်း Pokémon ကတ်များ၏ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားသောကြောင့် Sleeves များတွင်ပါ အထက်ပါအတိုင်း အမှတ်အသားများ မလုပ်ထားရပါ။အမှတ်အသားလုပ်ထားသည်ကို တွေ့ရှိလျှင် ပြိုင်ပွဲမှ ထုတ်ပယ်ခံရပါမည်။ 👉 English Language Official Pokemon Card ဖြင့်သာပြိုင်ရမည်။ ချွင်းချက်အနေဖြင့် Japanese Card Collector များအဆင်ပြေစေရန်အတွက် Japanese Pokémon Card ကို 10 ကတ်အထိ ပေးသုံးပါမည်။ သို့သော်လည်း မိမိသုံးမည့် Japanese Card အား Proxy Card ဖြင့်ဖြစ်စေ Photo ပဲဖြစ်စေ ရှင်းပြနိုင်ရမည်ဖြစ်ပါသည်။ 👉 မည်သည့် ကတ်အတု နှင့် Proxy Card များ ကို မဆို ပြိုင်ပွဲမစတင်မီတွင် ကစားသမားအားလုံး၏ Deck များမှ ဖယ်ရှားရမည်ဖြစ်ပါသည်။

💿 2. Card Sleeves 👉 ပြိုင်ပွဲတွင် မသမာမှု မဖြစ်စေရန်အတွက် ကစားသမားတိုင်းသည် Sleeves ကိုအသုံးပြု၍ ယှဉ်ပြိုင်ရမည်။ အောက်ပါ စည်းကမ်းချက်များ နှင့် ကိုက်ညီရမည်။ 👉 Deck တခု၏ Sleeves များအားလုံးသည် တူညီသောအရောင်၊အရွယ်အစား ဖြစ်ရပါမည်။ Sleeves ၏မျက်နှာစာများသည် သန့်ရှင်းပြီး ကတ်အချက်အလက်ကို ဖုံးကွယ်နိုင်သည့် ဒီဇိုင်းများ၊ ဟိုလိုဂရမ်များနှင့် သင်္ကေတများ ကင်းစင်ရမည်။ Sleeves များသည် ကတ်တစ်ခုလုံးကို မည်သည့် အပိုင်းမှ မကျန်အောင် ဖုံးအုပ်ထားရမည်။ 👉 Sleeves တစ်ခုစီတွင် ကတ်တစ်ခုသာပါရှိရမည်။ 👉 ကစားသမားများသည် ၎င်းတို့၏ကတ်များ သို့မဟုတ် Card Sleeves များကို မည်သည့်နည်းဖြင့်မျှ အမှတ်အသားမပြုကြောင်း သေချာစေရန်အတွက် တာဝန်ရှိသည်။ ခြစ်ရာများ၊ ဆိုးဆေးများ၊ ခေါက်ထားခြင်း၊ ကွေးထားခြင်း စသည်ဖြင့် ၎င်း၏မျက်နှာကို မမြင်ရဘဲ ခွဲခြားသတ်မှတ်နိုင်စေမည်ဆိုလျှင် ကတ်တစ်ခုအား အမှတ်အသားပြုသည်ဟု ယူဆပါသည်။

💿 3. Standard Format 👉 လက်ရှိ International June 2023 တွင် တရားဝင်ခွင့်ပြုထားသည့် ကတ်များဖြင့်သာ ပါဝင်ရမည်။ 👉 ကတ်၏ ဘယ်ဘက်အောက်ခြေတွင် ဖော်ပြထားသော "E", "F", "G" အမှတ်အသား ပါဝင်သောကတ်များသည် လက်ရှိ Standard Format အတွက် တရားဝင်ခွင့်ပြုထားသောကတ်များဖြစ်ပါသည်။

The Standard format for the 2023 July will consist of the following expansions: Sword & Shield Series • Battle Styles • Chilling Reign • Evolving Skies • Fusion Strike • Celebrations • Brilliant Stars • Astral Radiance • Pokémon Go • Lost Origin • Silver Tempest • Crown Zenith Black Star Promos • SWSH Black Star Promos cards with "E", "F", "G". Scarlet & Violet Series • Scarlet & Violet • Paldea Evolved

👉 ကတ်သည် လက်ရှိကစားရန်အတွက် တရားဝင်ဖြစ်ပါက Card Version အဟောင်းများကို ဆက်လက်အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် Scarlet & Violet Base Set မှ Item Card : Nest Ball သည် Legal "G" အမှတ်အသား ပါရှိသောကြောင့် တရားဝင်ကတ်ဖြစ်ပါသည်။ ထိုကတ်နှင့် ဆင်တူကတ်ဖြစ်သော Sun & Moon Base Set မှ Nest Ball ကို အစားထိုး အသုံးပြုနိုင်ပါသည်။

💿 4. Requirements for Tournament 👉 ကတ် ၆၀ ပါဝင်တဲ့ Standard Legal Format Deck တစ်ခု။ 👉 Damage/ Burn/ Poison Counter, Dice and Coin

စည်းကမ်းလေးကတော့ လိုအပ်ရင်လိုအပ်သလို ထပ်တိုးကြေငြာ‌ပေးသွားပါမယ်

ဒီတခေါက်က ငါးလမြောက်လဖြစ်တဲ့အပြင် နောက်ဆုံးလလေးလည်းဆိုတော့ သေချာလေးပြင်ဆင်လေ့ကျင့်ထားကြပါနော်။ Online ဆိုတော့ Deck တွေလည်းအဆင်ပြေကြမှာပါ။

ပထမရရင်လည်း Graded Slab ရမှာဆိုတော့ Let's Go!!!

#pokemontcg #vertexgamingmyanmar #ptcgtournament

Tournament Structure

Phase 1
5 Swiss Rounds - BO1
untimed rounds
no round check-in
4 players advance to the next phase
Phase 2
Single Elimination Bracket - BO3
untimed matches
no match check-in
Wins are worth 3 match points, ties 1